Events

“(၂၂)ကြိမ်မြောက် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေအစည်းအဝေးနှင့် (၂၀၂၂- ၂၀၂၅) ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား” သို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်အမှာစကားပြောကြား

Updated At: 2022-06-23 15:17:28

မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၏ (၂၂) ကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည် အထွေထွေအစည်းအဝေး၊ (၂၀၂၂- ၂၀၂၅) သက်တမ်းကာလအတွက် ရွေးချယ်တင်မြှောက်ပွဲနှင့် မြန်မာဆန်စက်ကုမ္ပဏီနှစ်ပတ်လည်အစည်းအဝေး၊ အမြတ်ငွေပေးချေခြင်းနှင့်ရှယ်ယာရှင်အသစ်များ ခေါ်ယူခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် ရန်ကုန်မြို့ရှိ ၊ UMFCCI Office Tower၊ မင်္ဂလာခန်းမတွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။